ဩကာသ ဘုရားရှိခိုး

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံဝစီကံမနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာတရားရတနာသံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါးကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အပါယ် လေးဘုံ

  • ငရဲဘုံ
  • တိရစ္ဆာန်ဘုံ
  • ပြိတ္တာဘုံ
  • အသူရကာယ်ဘုံ

Ubuntu Software Center ထက်ပိုမြန်တဲ့ App Grid

Ubuntu Software Center က နှေးပြီးသုံးလို့ မကောင်းပါဘူး။ App Grid ကိုသွင်းလိုက်ပါ။ မြန်မြန်ဆန်ဆန်နဲ့ ဆော့ဝဲတွေ သွင်းနိုင်ပါလိမ့်မယ်။

sudo add-apt-repository -y ppa:appgrid/stable
sudo apt-get update
sudo apt-get install -y appgrid

Image 1